back to blog
Package Of The Week - Slang

Package Of The Week - Slang

Package Of The Week - Slang ဆိုတာ

  • package
  • Slang

Flutter နဲ့ Multi-language Support ပေးတဲ့ App တွေ ရေးတဲ့အခါ Localization က မဖြစ်မနေ ထည့်သွင်းစဉ်းစားရမယ့် Feature တစ်ခုပါ။

Flutter ရဲ့ Standard Localization Solution ဖြစ်တဲ့ intl package ကို အသုံးပြုဖူးတဲ့ Developer တွေဆိုရင် ARB File တွေကို Manageလုပ်ရတာ String Key တွေကို ထိန်းသိမ်းရတာ Code Generation Workflow တွေကြောင့် Project ကြီးလာတဲ့အခါ အနည်းငယ် အလုပ်ရှုပ်လာတာကို ကြုံဖူးကြမှာပါ။ ဒီတစ်ပတ်ရဲ့ Package of the Week အနေနဲ့ ကျွန်တော် Production App တွေမှာ မကြာခဏ အသုံးပြုဖြစ်တဲ့ Slang Package အကြောင်း မျှဝေပေးချင်ပါတယ်။ pub.dev: https://pub.dev/packages/slang.

Slang ကို သဘောကျမိတဲ့ အချက်တချို့ကတော့

Compile-Time Type Safety

  • String Key တွေကို တိုက်ရိုက် အသုံးပြုရတဲ့ Approach တွေထက် ပိုမို Safe ဖြစ်တယ်။ပြီးတော့ IDE Autocomplete Support ကောင်းကောင်း ရရှိတဲ့အတွက်ကြောင့် Translation Key မှားရေးမိတာမျိုးတွေကို Compile Time မှာပဲ တခါတည်းသိနိုင်ပြီးဝောာ့ Runtime Error တွေကို အများကြီး လျော့နည်းစေနိုင်တယ်။

Easy Parameters & Pluralization

  • Dynamic Parameter တွေ ထည့်သွင်းတာ "1 time", "5 times" လို Count အလိုက် စာသားပြောင်းလဲပြသတာတွေကို ရိုးရှင်းတဲ့ Syntax နဲ့ ရေးသားနိုင်တယ်။

Flexible Translation Files

  • Translation Data တွေကို JSON, YAML နဲ့ အခြား Format တွေမှာ သိမ်းဆည်းနိုင်တာကြောင့် Project Structure နဲ့ ကိုက်ညီသလို စီမံခန့်ခွဲနိုင်တယ်။

Better Developer Experience

  • Localization Code တွေကို ရေးသားတဲ့အခါ Boilerplate Code နည်းပြီး IDE Support ကောင်းတာကြောင့် Development Experience ကို ပိုမို ကောင်းမွန်စေတယ်။

ဆိုတော့ Flutter Developer တွေအနေနဲ့ Localization Solution အသစ်တစ်ခုကို စမ်းသပ်ချင်တယ်ဆိုရင် Slang Package ကို လေ့လာကြည့်ဖို့ အကြံပေးချင်ပါတယ်။