back to blog
Learning With AI

Learning With AI

AI ခေတ်မှာ ဘာသာစကားတစ်ခု (သို့) အသိပညာအသစ်တွေကို မြန်မြန်ဆန်ဆန်နဲ့ ဘယ်လိုလေ့လာမလဲ?

  • AI
  • Learning

အရင်ခေတ်က အသိပညာအသစ်တစ်ခုခုကို လေ့လာဖို့ဆိုရင်
စာကြည့်တိုက်မှာ စာအုပ်ရှာ၊ Google မှာ Keyword တွေရိုက်ရှာပြီး
ထွက်လာတဲ့ Website ပေါင်းစုံထဲက ကိုယ်လိုချင်တာကို အပင်ပန်းခံ ပေါင်းစပ်ခဲ့ကြရတာ မှတ်မိကြဦးမှာပါ။ အခု AI ခေတ်မှာတော့ Learning Process က တစ်ဆစ်ချိုး ပြောင်းလဲသွားခဲ့ပါပြီ။
အရင်ကနဲ့ အခု ဘာတွေကွာသွားလဲ?
AI ကိုရော တကယ့် Mentor တစ်ယောက်လို ဘယ်လိုအသုံးချကြမလဲ?

AI မတိုင်ခင် vs AI နှောင်းပိုင်း (The Big Shift)

Old Era (Passive Learning)

အရင်ခေတ်မှာ

  • တစ်ဖက်ပြောတဲ့သူရဲ့ သင်ကြားမှုကိုဘဲ နားထောင်ရတယ်
  • Feedback ရဖို့ အချိန်စောင့်ရတယ်
  • သင်ရိုးညွှန်းတမ်းက ပုံသေဖြစ်နေတတ်တယ် Learning Process က တစ်ဖက်သတ်ဆန်ပြီး Personalized မဖြစ်ခဲ့ပါ။

AI Era (Interactive Learning)

အခု AI ခေတ်မှာတော့

  • AI နဲ့ အပြန်အလှန် ဆွေးနွေးလို့ရလာတယ်
  • ကိုယ့်အားနည်းချက်ပေါ်မူတည်ပြီး Learning Style ပြောင်းနိုင်လာတယ်
  • အမှားတွေကို စက္ကန့်ပိုင်းအတွင်း Feedback ပြန်ရလာတယ်
    Learning Process ပိုမြန်လာပြီး ပို Effective ဖြစ်လာပါရေ။

သိပ္ပံနည်းကျ အထိရောက်ဆုံး လေ့လာနည်း

သုတေသီတွေရဲ့ စာတမ်းတွေအရ စာပုဒ်တစ်ပုဒ် (သို့မဟုတ်)စာကြောင်း တစ်ကြောင်းကို အခါခါ ပြန်ဖတ်နေတာထက် ဒီနည်းလမ်းတွေက ပိုထိရောက်ပါတယ်။

  • Feynman Technique: ခက်ခဲတဲ့အရာတွေကို ၅ နှစ်သားကလေး နားလည်အောင် ပြန်ရှင်းပြခြင်း။
  • Active Recall: ကိုယ့်ဘာသာ မေးခွန်းတွေပြန်မေးပြီး အဖြေထုတ်ခြင်း။
  • Spaced Repetition: အချိန်ခြားပြီး ပုံမှန် ပြန်နွှေးခြင်း။

AI ကို လေ့လာမှုမှာ ဘယ်လို အသုံးချမလဲ? (Practical Tips)

AI (Gemini/ChatGPT) ကို အဖြေမေးရုံတင် မဟုတ်ဘဲ အခုလို ခိုင်းကြည့်လို့ရပါတယ်-

  • Roadmap ဆွဲခိုင်းပါ: "ငါ့မှာ အချိန် ၁ လပဲ ရှိတယ်။ ဒီဘာသာစကားကို အခြေခံကနေ ကျွမ်းကျင်အောင် ဘယ်လိုလေ့လာရမလဲ Roadmap ဆွဲပေးပါ။"
  • ELI5 (Explain Like I'm Five): "ဒီခက်ခဲတဲ့ Concept ကို ကလေးတစ်ယောက် နားလည်အောင် ရှင်းပြပေးပါ။"
  • Socratic Method: "ငါ့ကို အဖြေတိုက်ရိုက်မပေးနဲ့၊ ငါနားလည်လားဆိုတာ သိရအောင် မင်းက ငါ့ကို မေးခွန်းတွေ ပြန်မေးပေးပါ။"
  • Roleplay: "မင်းက Interviewer အဖြစ် သရုပ်ဆောင်ပေး၊ ငါက အလုပ်လျှောက်သူအဖြစ် အင်္ဂလိပ်လို ဖြေကြည့်မယ်။"

AI ဆိုတာ အဖြေရှာရုံသက်သက် မဟုတ်ဘဲ ကျွန်တော်တို့ရဲ့ Thinking Partner (တွေးဖော်တွေးဖက်) တစ်ယောက်ပါ။ နည်းပညာကို မှန်မှန်ကန်ကန် အသုံးချတတ်ရင် ဘယ်အရာမဆို သင်ယူဖို့ မခက်ခဲတော့ပါဘူး။