back to blog
DevOps is not only for Infra Team or Backend Team

DevOps is not only for Infra Team or Backend Team

စလေ့လာတဲ့သူတော်တော်များများက “DevOps” ဆိုတာကို Infra Team တို့ Backend Team တို့ရဲ့ responsibility လို့ထင်နေတုန်းပဲ။

  • Flutter
  • DevOps
  • CICD

စလေ့လာတဲ့သူတော်တော်များများက “DevOps” ဆိုတာကို Infra Team တို့ Backend Team တို့ရဲ့ responsibility လို့ထင်နေတုန်းပဲ။ ဒါပေမယ့် Modern Software Engineering Workflow ထဲမှာတော့ Frontend / Mobile Engineer တွေပါ CI/CD Pipeline ကို နားလည်ဖို့ almost mandatory ဖြစ်လာနေပြီ။ ကျွန်တော် Workflow တစ်ခုကို ဥပမာပြောမယ်။

"uat" branch ကို push လုပ်လိုက်တာနဲ့ GitHub Actions Pipeline trigger ဖြစ်တယ်။

အဲ့ Pipeline ထဲမှာ

  • Flutter dependency resolution
  • Static analysis ("flutter analyze")
  • Unit / widget test execution
  • Gradle build orchestration
  • APK artifact generation
  • Firebase App Distribution deployment
  • Telegram release notification
  • AI-assisted release summary generation

ဒီ Process တစ်ခုလုံးကို GitHub-hosted Runner ပေါ်မှာ ephemeral environment နဲ့ execute လုပ်ထားတယ်။ အဓိက point က APK ကို “build manually” ထုတ်နေတာမဟုတ်တော့ဘူး။ Delivery system ကို architect လုပ်နေတာ။ ဒီနှစ်ခုက engineering maturity အရ အရမ်းကွာတယ်။ အခု Workflow မှာ APK build ပြီးတာနဲ့ Firebase App Distribution ဆီ auto deploy လုပ်တယ်။ QA Team ဒါမှမဟုတ် Tester တွေက latest build ကို link တစ်ခုနဲ့ချက်ချင်း install လုပ်နိုင်တယ်။ Manual export → upload → share workflow ကို completely eliminate လုပ်ထားတာ။ ဒါက velocity တင်မဟုတ်ဘူး — operational consistency ကိုပါ improve လုပ်တာ။ နောက်တစ်ခုက AI integration ပိုင်း။

အခုနောက်ပိုင်းမှာ CI/CD Workflow ထဲ AI ကို integrate လုပ်လာကြတာများလာပြီ။ ဥပမာ

  • Commit summary auto generation
  • Changelog generation
  • PR review assistance
  • Failed pipeline analysis
  • Error pattern detection
  • Test case suggestion

AI က code replacement tool တစ်ခုထက် engineering acceleration layer တစ်ခုလိုဖြစ်လာနေတယ်။ ဒါကြောင့် AI era မှာ Developer value က “code ဘယ်လောက်မြန်မြန်ရေးနိုင်လဲ” တင်မဟုတ်တော့ဘူး။ “Automation + Delivery + AI-assisted Workflow” ကို ဘယ်လောက် design လုပ်နိုင်လဲ ဆိုတာက ပိုအရေးကြီးလာတယ်။ ဒါကြောင့် “Feature ဘယ်လိုရေးမလဲ?” ထက် “System က feature ကို ဘယ်လို reliably deliver လုပ်မလဲ?” ကို ပိုစဉ်းစားလာရတယ်။ အဓိကက Code commit ကနေ end-user device ရောက်တဲ့အထိ flow ကို optimize လုပ်နိုင်ဖို့ပဲ။

Software Engineering က coding-only era ကနေ Systems Thinking + Automation era ထဲ ဝင်လာနေပြီ။